Slide 1 Slide 2 Slide 3 Slide 4 Slide 5
Posted by The Traveller | 0 comments

The Traveller Weekly Journal Vol1- No-40.pdf - 37 MB

Share The Traveller Weekly Journal Vol1- No-40.pdf - 37 MB

The Traveller Journal Vol 1, No 40 အားဒေါင်းလော့ဆွဲပြီး ဖတ်ရှု့နိုင်ပါပြီ ခင်ဗျာ . .. . .

The Traveller Journal မှ အထူးကျေးဇူးတင်ရှိပါတယ်။လူကြီးမင်းတို့၏ အကြံပြုစာလေးများ ကျေးဇူးပြုပြီး ရေးပေးခဲ့စေချင်ပါတယ်။
Read more...
Posted by The Traveller | 0 comments

ခေတ္တ ဟားခါး

စိန်မျိုးမြင့်

စာရေးသူဟားခါးမြို့သို့ ဖေဖော်ဝါရီလ ၈ ရက်က တစ်ညအိပ်ရောက်ရှိခဲ့သည်။ ချင်းပြည်နယ်မြောက်ပိုင်းသို့ခရီးတစ်ခေါက်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဖလမ်း
တစ်ဆင့်မှုဟားခါးကိုသွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ ဟားခါးတွင်ရက်ရှည်ကြာ
မနေဖြစ်ပါ။ ဖလမ်းမှဟားခါးခရီးမှာ ၄၃ မိုင်ကျော်သာရှိသဖြင့် ဖလမ်းမှနံနက် ၈
နာရီ ၁၀ မိနစ်တွင်မှ ထွက်ခဲ့ကြသော် လည်း လမ်းတွင်ရွာစဉ်ဝင်၍ ဓာတ်ပုံ
ရိုက်ခဏနား အေးအေးဆေးဆေးသွားခဲ့ရာ ဟားခါးသို့နေ့လည် ၁၂ နာရီမထိုး
မီရောက်ရှိခဲ့ကြသည်။ ဖလမ်းမှအထွက် ၈ မိုင်ခန့်တွင် လုံပီးရွာသို့ရောက်သည်။ လုံပီးမှာများစွာ
မပြောင်းလဲ တကယ်တမ်းမှာ လုံးပီးတွင်စိုက်ပျိုးရေးဌာနပညာပေးခြံလည်းရှိသည်။ သို့သော်များစွာတိုးတက်မှုကို မတွေ့ခဲ့ရ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်
ကျော်သုံးဆယ်ခန့်က ရောက်ခဲ့ချိန်ကလိုပင်တွေ့ရသည်။ လုံပီးရွာမှာ အိမ်ခြေ
၁၅၀ ခန့်ရှိပြီး လူဦးရေ ၈၀၀ ခန့်နေထိုင်ကြသည်။ အဓိကအသက်မွေးဝမ်း
ကြောင်းမှုမှာ တောင်ယာစိုက်ခြင်းဖြစ်သည်။ ဖလမ်းဟားခါးလမ်း၌ ဟင်းသီး
ဟင်းရွက်ပေါများဖြစ်ထွန်းသောနေရာဖြစ်သည်။ တောင်စောင်းတွင်စိုက်ခင်း
များ များစွာရှိသည်။ အစိုးရမူလတန်းလွန်ကျောင်းရှိပြီး ကျောင်းသားကျောင်း
သူ ၁၀၀ ခန့်ကို ဆရာ/ဆရာမ သုံးဦးဖြင့်သင်ကြားပေးနေကြသည်။ မနီးမဝေး၌
လွန်ရန်ရွာလည်းရှိ၍ မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ ကျောင်းသား ၉၀
အစိုးရခန့် ဆရာ/ဆရာမ သုံးဦးနှင့် လုပ်အားပေးရပ်ရွာခန့် ဆရာမနှစ်ဦးလည်း
ရှိသည်။ ကျန်းမာရေးဌာနမရှိ သားဖွားဆရာမသာရှိသောရွာနှစ်ရွာဖြစ်၏။ လိုင်အားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသော်လည်း လျှပ်စစ်မီးမှာမူ
တစ်ရက်ခြားသာရကြ၏။ လုံပီးမှ ၆ မိုင်ခန့်ခရီးဆက်သော်
ထလန်ရောင်ရွာရောက်သည်။ အိမ်ခြေ၉၀ လူဦးရေ ၄၅၀ ခန့်ရှိသောရွာဖြစ်
သော်လည်း အလယ်တန်းကျောင်းခွဲရှိ၍ ကျောင်းသူ၊ ကျောင်းသား ၁၂၃ ဦး
အစိုးရခန့် ဆရာ/ဆရာမ ၆ ဦးနှင့် လုပ်အားပေး ဆရာမ ၂ ဦးရှိပါသည်။ ထိုရာ၌
ကျေးလက်ကျန်းမာရေးဌာန၊ သားဖွားဆရာမရှိ၍ လျှပ်စစ်မီးရပါသည်။
သောက်သုံးရေ လုံလောက်စွာရသောနေရာဖြစ်၍ ဒေသခံများမှာ စပါး၊ ပြောင်း၊
ဝဥ စိုက်ကြသည်။ မီးဖိုချောင်းသုံး သီးနှံလည်းဖြစ်ထွန်းသည်။ မွေးမြူရေးဘက်
တွင် နွား၊ ကျွဲ၊ ၀က်မွေးကြသည်။ စိမ်းစို၍လှပသော တောင်များပတ်လည်ဝိုင်း
ကာ တောတောင်သာယာသည်။ အနီး၌ မြင့်မားသောတောင်များရှိသည်။
ထလန်ရောင်နှင့်မဝေးလှသောတစ်မိုင်ခန့်ခရီးဆက်ပါက အိမ်ခြေ ၃၈
လူဦးရေ ၂၀၀ ခန့်ရှိသည်။ တားလ်ရွာရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက်
ပေ ၅၅၀၀ တွင်တည်ရှိသည်ဟု ရွာဆိုင်းဘုတ်၌ရေးသားထား၏။ မူလတန်း
ကျောင်းရှိသောရွာဖြစ်သည်။ 
ကျောင်းသား ၂၀ ဆရာမ ၃ ဦးဖြင့် ပညာသင်ကြားပေးနေကြသည်။
တောင်ယာလုပ်ငန်းကောင်းသောနေရာဖြစ်၏။ ဘယ်တစ်ဧကခန့်စိုက်
သူရှိ၍ ကျယ်ပြောသည့်လက်ဖက်ခင်းလည်းရှိသည်။ တောင်ယာ၌
ကြက်သွန်၊ စားတော်ပဲ၊ အာလူး စိုက်ကြသည်။

တားလ်မှ ငါးမိုင်ခန့်ခရီးဆက်လျှင်တလန်းဇာရ်ကျေးရွာကိုတွေ့ရသည်။
တားလ်မှ တလန်းဇာရ်သို့သွားသည့်လမ်းမှာ စိမ်းစိမ်စိုစိုရှိသော ၀န်းကျင်ကို
ဖြတ်ရသည်။ အိမ်ခြေ ၆၁ အိမ်ရှိ၍ လူဦးရေ ၃၅၀ ခန့်ရှိသောရွာဖြစ်သည်။ မူလ
တန်းကျောင်း၌ ကျောင်းသား ၇၀ ဆရာမ ငါးဦးပညာသင်ကြားနေကြ၏။ရွာတွင်အရန်သားဖွားဆရာမသာရှိ
သည်။ လိုင်အား ရေအား လျှပ်စစ်အားထုတ်လုပ်ရေးစက်ရုံနှင့် အနီးဆုံးရွာဖြစ်
၍ လျှပ်စစ်မီးရသောရွာဖြစ်သည်။ ရေအခက်အခဲမရှိသောရွာဖြစ်၏။ လျှပ်စစ်၊ဆည်မြောင်း၊ မိုးဇလ၊ ငါးမွေးမြူရေး (ငါးလုပ်ငန်း)၊ စိုက်ပျိုးရေး ၀န်ထမ်းများရှိသောရွာဖြစ်သည်။ လယ်စိုက်သူရှိ
သောရွာဖြစ်၏။ တောင်ယာစပါး အသင့်အတင့်စိုက်ကြသည်။ ကြက်သွန်၊ အာလူး၊ ပြောင်း၊ ဂေါ်ဖီ၊ မုန်ညှင်း၊
အထွက်ကောင်းသောရွာဖြစ်၏။ နွား၊နွားနောက်၊ ကျွဲ၊ မြင်း၊ ၀က်မွေးကြသည်။တောင်စောင်းတွင်ရှိသော မူလတန်းကျောင်းနေရာမှာ မြေပြန့်တော်တော်ကျယ်ရာ ဘောလုံးကွင်းအသေးတစ်ကွင်းရှိပြီး သာယာသောကျောင်းလေးဖြစ်သည်။ တလန်းဇာရ်မှ ရှေ့ခရီး နှစ်မိုင်ကျော်
ဆက်လျှင် ရမ်ထလိုရွာသို့ရောက်သည်။ လူဦးရေ ၁၃၀၀ ကျော် အိမ်ခြေ ၂၅၀ ရှိ
ရွာကြီုးဖြစ်၏။ အစိုးရအထက်တန်းကျောင်းခွဲရှိ၍ ဆရာ/ဆရာမ ၂၁ ဦးက
ကျောင်းသား ၂၅၀ ဦးကိုသင်းကြားပေးနေကြ၏။ ရွာ၌ကျေးလက်ကျန်းမာရေး
ဌာနခွဲရှိသည်။ သားဖွားဆရာမလည်းရှိ၏။ တောင်ကျရေစုဆောင်း ဖြန့်ဝေနိုင်
သောရွာဖြစ်ပြီး ရေမခက်ခဲသောရွာဖြစ်သည်။ လျှပ်စစ်မီးရသည်။ ဆိုလာနေ
ရောင်ခြည်အားသုံးတစ်နိုင်တစ်ပိုင်လည်း သုံးကြ၏။ တောင်ယာစိုက်ကြ
သည်။ အာလူး၊ ကြက်သွန်ဖြူ/နီ၊ အများဆုံးစိုက်ကြသည်။ နွား၊ နွားနောက်၊ ကျွဲ၊
မွေးမြူကြ၏။ ရန်တလိုမှ သုံးမိုင်ခန့် ခရီးဆက်သော် အိမ်ခြေ ၃၀ ဦးလူရေး ၁၅၈ ဦးရှိ
ဒေါက်ထက်ရွာသို့ရောက်သည်။ မူလတန်းကျောင်းရှိ၍ ကျောင်းသား ၁၂ ဦး
ကို ဆရာမနှစ်ဦးက သင်ကြားပေးလျက်ရှိသည်။ တောင်ယာစိုက်ကြသော်
လည်း ရေရရှိမှုအနေအထားရ များစွာမဖွံ့ဖြိုးပေ။ လျှပ်စစ်မီးရက်သတ်္တပတ်
တစ်ပတ်ခြားရသည်။ စပါး၊ ပြောင်း၊တောင်ယာစိုက်ကြသည်။ လယ်ဧက
နှစ်ဆယ် တောင်ယာဧက သုံးဆယ်ရှိသည်။ ၀က်အများဆုံးမွေးသည်။ ပင်
လယ်ရေမျက်နှာပြင်အထက်ကေ ၄၈၀၀ ၌ တည်ရှိ၏။ ဒေါက်ထက်မှ လေးမိုင်ခန့်ခရီး
ဆက်သော် ချွန်ကုံးဟူသည့်ရွာကိုရောက်ပေသည်။ ဟားခါးမြို့မရောက်မီ
နောက်ဆုံးတွေ့သောရွာဖြစ်သည်။ ရွာမှာ အိမ်ခြေ ၃၅၀ ရှိရာ ကလေး-ဟားခါး
လမ်း၌ ရွာများထဲတွင် အိမ်ခြေအများဆုံး အကြီးဆုံးရွာဖြစ်သည်။ လူဦးရေ
၁၆၀၀ ရှိသောရွာဖြစ်၏။ အိမ်များမှာလည်း အိမ်ကောင်းများများသည်။ ကျေးရွာရေအားလျှပ်စစ်ဖြင့် လျှပ်စစ်
မီးရသောနေရာ၊ ရပ်ရွာပညာပဒေသာဌာန၊ ကျန်းမာရေးဌာနခွဲရှိသည်။ သားဖွားဆရာမလည်းရှိသည်။ အလယ်တန်းကျောင်းရှိ၍ ကျောင်းသား ၃၃၀ ဆရာ/ဆရာမ ၁၉ ဦးရှိသည်။ ဘုရားကျောင်း ၇ ကျောင်း (အသင်းတော်ကွဲ) ဗုဒ်္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသည်။ တောင်
ယာစိုက်ပျိုးအသက်မွေးကြသည်။ ပြောင်း၊ စပါး၊ အာလူး၊ ချင်း အများဆုံး
စိုက်ပျိုးကြသည်။ နွား၊ နွားနောက်၊ ကြက်၊ မြင်းများ မွေးမြူကြသည်။
ချွန်ကျုံးမှ ၁၃ မိုင်ဆက်သွားသော်ဟားခါးမြို့သို့ ရောက်ပေသည်။ ဟားခါးသည် ချင်းပြည်နယ်၏ မြို့တော်ဖြစ်၍ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ပေ၌ တည်ရှိသည်။ ချင်းပြည်နယ်ရှိမြို့
များတွင် အမြင့်ဆုံးမြေအနေအထား၌တည်ရှိပေသည်။ ရပ်ကွက်ကြီးခြောက်ကွက် မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၉ ရွာ ရှိပေသည်။ ဟားခါးမြို့ခရီး အခေါက်ခေါက်ရောက်ဖူးရာ ၁၉၉၄ ခုနှစ်ခန့်က ပထမဆုံး ရောက်ခဲ့ဖူးသည်။ အနှစ်နှစ်ဆယ်အတွင်း ဟားခါးသည်များစွာဖွံ့ဖြိုးတိုးတက်၍ မြို့ကွက်ကျယ်လာပေသည်။ လူဦးရေအနေဖြင့် ယခုထက်များစွာတိုးတက်သင့်သော်လည်း လူ
ငယ်အများစုမှာ အရွယ်ရောက်လာကြချိန်၌ မြေပြန့်၊ ပြည်မနှင့် ပြည်ပသို့ ပြောင်းရွှေ့အခြေချသူများသဖြင့် များစွာတိုးမလာပေ။ လူဦးရေ သိန်းဂဏန်းအောက်သာရှိသည်။ အိမ်များအဆောက်အဦးများ များစွာအပြားလာပေသည်။ ဟားခါးတွင် သိသိသာသာတိုးတက်လာသည်များမှာ တည်ခိုးခန်း
(ဒေသအခေါ် ဟိုတယ်)များနှင့် စားသောက်ဆိုင်များဖြစ်သည်။ ယခင်ကပြည်ပခရီးသွားများလာရောက်၍ ခက်ခဲသောနေရာဖြစ်သော်လည်း ယခုအခါလာရောက်သူများပြားစွာတွေ့ရသည်။အနောက်နိုင်ငံသားများ အများဆုံးတွေ့ရပေသည်။ ပို့ဆောင်ရေးအနေဖြင့် ကားလတ် (မီနီကဗ်စ်) နှင့် အဆင့်မြင့် ကား
ငယ်များဖြင့် လွယ်ကူစွာသွားရောက်နိုင်သော အနေအထားတွေ့ရသည်။မြေပြန့်သို့ဆင်းရန် ကလေး၊ ဂန့်ဂေါသို့သွားလာရေးများစွာ လွယ်ကူလာသည်။ဟားခါးရောက်ခိုက် ထန်တလန်ဘက်သို့သွားရန် စဉ်းစားခဲ့သော်လည်း ထန်တလန်အထိမရောက် တိမစ်လွင်ပြင်အထိသာရောက်ခဲ့သည်။ လွန်ခဲ့သော
ဆယ်နှစ်ကျော်က တိမစ်ဒေသတွင် လက်ဖက်စိုက်ရန်ကြိုးစားခဲ့သည်ကို
မြင့်တွေ့ရဟူသော်လည်း အောင်မြင်သည်ကို မတွေ့ရဘဲ ရိုးရာအစဉ်အလာအတိုင်း လယ်စိုက်ပျိုးရေးသာ အောင်မြင်ဆဲ မြင်တွေ့ခဲ့ရပေသည်။အခြားဒေသများနှင့် စာသော်
ဟားခါးတွင် အစားအသောက်များသည်။ ယခင်အချိန်အထက် ထမင်း
ဆိုင်၊ စားသောက်ဆိုင် ပိုများလာသော်လည်း ဈေးများကပြည်မထက်ကြီးဆဲဖြစ်၏။

The Traveller Journal မှ အထူးကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့၏ အကြံပြုစာလေးများ ကျေးဇူးပြုပြီး ရေးပေးခဲ့စေချင်ပါတယ်။
Read more...
Posted by The Traveller | 0 comments

ပိုက်ကြီးဆွဲသူများ

ပန်းမှော်စွန်း

မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းခြေနှင့် မြစ်ချောင်းအင်းအိုင် ပေါများသောဒေသကို ပိုင်ဆိုင်ထားသည် ဖြစ်သောကြောင့် ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်သည်။ ထူထပ်များပြားလာသောလူဦးရေနှင့် ကိုက်ညီအောင် နည်းစနစ်ပေါင်းများစွာသုံး၍ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသည်ကိုတွေ့ရှိရသည်။ တနိုင်တပိုင်ရှာဖွေလုပ်ကိုင်မှုများရှိသလို အရင်းအနှီးများစွာစိုက်ထုတ်ပြီး စီးပွါးဖြစ်ဆောင်ရွက်ကြခြင်းများလည်းရှိသည်။

ပိုက်ကြီးဆွဲခြင်းလုပ်ငန်းသည် ပုံမှန်အားဖြင့် ငါးအုပ်ကိုပိုက်ဖြင့်ဝိုင်းပတ်၍ ကမ်းနားသို့လူအင်အားဖြင့်ဆွဲတင်ယူခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် များပြားလာသောစားသုံးသူ နှင့် ရှားပါးလာသောငါးများကြောင့် နည်းလမ်းသစ် ကိရိယာသစ်များကိုသုံးကာ ရှာဖွေလုပ်ကိုင် လာကြရသည်။ ကမ်းရိုးတန်းဒေသများ အထူးသဖြင့် ရခိုင်ကမ်းခြေဒေသတွင် ရေထဲမှငါးကိုမီးဖြင့်မျှားကာ ပိုက်ဖြင့် ဖမ်းသည့်နည်းကို  အသုံးပြုနေကြသည်ဟုသိရပါသည်။  ငါးမျှားဂျိတ်တွင် အစာတပ်ကာရေထဲမှငါးကိုဆွဲယူရသည်ကဲ့သို့ မီးမမြင်ဖူးသောငါးကို မီးရောင်ပြကာ ဖမ်းယူသည့်နည်းစနစ်ဖြစ်သည်။ ညအခါပင်လယ်ထွက်သည့်ပိုက်သမားများသည် ရေပြင်ကိုဓါတ်မီးဖြင့်ကြာမြင့်စွာထိုးထားမိရာ မီးရောင် ကျနေသောနေရာတွင် ငါးများထူထပ်စွာရောက်လာသည်ကို မြင်တွေ့ရာမှ မီးဖြင့်မျှား၍ဖမ်းရသည့် ငါးဖမ်းနည်း ပေါ်ပေါက်လာသည်ဟု သိရှိရသည်။  ယင်းလုပ်ငန်းသည် ညအချိန်တွင်သာလုပ်ကိုင်ရခြင်းကြောင့် ကရိကထများသည်။ သတိဝိရိယကြီးစွာဖြင့် လုပ်ကိုင်ဆောင်ရွက် ရသည်။ ပင်လယ်ကမ်းနားတွင် အဆောက်အဦးကို ယာယီ တည်ဆောက်ပြီး လုပ်သားများနေထိုင်ကာ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ရ သော်လည်း ယင်းတို့၏ဖွဲ့စည်းပုံမှာ စက်ရုံများ၊ အလုပ်ရုံများ၊ ကုမ်္ပဏီများကဲ့သို့ များစွာအစီအစဉ်ကျလှသည်ကို တွေ့မြင်ရသည်။   လူအင်အား၊ စက်၊ လှေ၊ အရင်းအနှီး၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စီမံ ခန့်ခွဲနိုင်မှု များစွာ ပါဝင်ကာ ပိုက်လှေခေါင်းဆောင်၊ လှေဦးစီး၊ စက်ဆရာ၊ မီးလှေဆရာ၊ ပိုက်ဆရာ၊ လုပ်သား၊ အလုပ်သမ စသည်ဖြင့် စနစ်တကျဖွဲ့စည်းလုပ်ကိုင်ရသည့် ပင်လယ်ငါးဖမ်းလုပ်ငန်းဖြစ်သည်။ သာမန်ငါးဖမ်းနည်းများထက် အနည်းငယ်ဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ပင်လယ်ကမ်းမှ မီးဖြင့်မျှားယူဖမ်းဆီးရသည့် ပိုက်ကြီးဆွဲ လုပ်ငန်းအကြောင်းကို လေ့လာတင်ပြပေးလိုက်ပါသည်။

ပိုက်ကြီးတဲ

          ပိုက်အလက်ပေါင်းများစွာဆက်စပ်တွဲချုပ်လျက် လူအင်အားဖြင့်ဝိုင်းဖွဲ့လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သောကြောင့် လုပ်သားများ နေထိုင်နိုင်ရန် ခိုင်ခန့်ကြီးမားသောတဲများကို တည်ဆောက်ကြရသည်။ ပင်လယ်ကမ်းနားတွင်တွေ့မြင်ရပြီး ပိုက်ကြီးတဲ ဟု ခေါ်ဝေါ်ကြသည်။ ပိုက်ကြီးဆွဲခြင်းလုပ်ငန်းကိုအချို့က ၀ိုင်းပိုက်ဆွဲခြင်းဟုလည်းခေါ်ကြသည်။ ပိုက်ကြီးဆွဲရာတွင် တစ်ဦးတည်းပိုင်လုပ်ငန်း နှင့် အစုစပ်ပိုင် လုပ်ငန်းဟူ၍ နှစ်မျိုးရှိသည်။ အသုံးပြုရမည့်ပိုက်တစ်ဖောင်၏တန်ဖိုးမှာ သိန်းတစ်ရာ့ရှစ်ဆယ်မှသိန်းနှစ်ရာ ၀န်းကျင်ရှိပြီး လေးနှစ်ကျော် ငါးနှစ်ခန့် အသုံးပြု၍ရသည်ဟုသိရသည်။ လုပ်ငန်းတွင်အသုံးပြုရသည့်ပိုက်သည် အလျားလက်တောင် ၆၀၀၊ အနံလက်တောင် ၁၇၀၊ အကျယ် ငါးမူးကွင်းရှိစေရန် ပိုက်အလက်ကလေးများကိုဆက်စပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ ပိုက်လှေကိုပုံမှန်အားဖြင့် အရှည်ပေသုံးဆယ်၊ အကျယ်ရှစ်ပေ နှင့် ဇောက်(အမြင့်) ခြောက်ပေခန့်ရှိရန် တည်ဆောက်လုပ်ကိုင်ရသည်။ ပိုက်လှေတန်ဖိုးမှာ သိန်းလေးဆယ်ဝန်းကျင်ခန့်ရှိပြီး ပိန်္နဲသား၊ ပျဉ်းကတိုးသားများဖြင့် အများဆုံး လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ မီးလှေအတွက် ၂၅ ကောင်မီးစက်နှစ်လုံး၊ ဒိုင်နမို ၁၀ ကီလိုတစ်လုံး၊ ဆလိုက်မီးသီး အလုံးလေးဆယ် နီးပါး တပ်ဆင်ထားရပြီး လှေမှာ ပေ ၂၀ ခန့်ရှိရမည်ဖြစ်သည်။ မီးလှေတန်ဖိုးမှာလည်း ပိုက်လှေကဲ့သို့ပင် သိန်းလေးဆယ်ခန့်ရှိသည်။ ၀န်ထမ်းအင်အား  ၂၀ မှ ၃၀ ကျော် ငှားရမ်းလုပ်ကိုင်ရပြီး အချို့ပိုက်တဲ များတွင် ၅၀ မှ ၁၀၀ အတွင်းရှိသည်ကိုတွေ့ရသည်။ ငွေအရင်းအနှီး စိုက်ထုတ်နိုင်မှုအပေါ်မူတည်၍ ပိုက်၊ လှေ၊ လုပ်သားအင်အား ကွဲပြားသွားသည်။ လုပ်သားများကို လစာဖြင့် ငှားရမ်း ထားခြင်းရှိသလို၊ ရရှိလာသောကုန်ပေါ်တွင် အချိုးကျခံစားစေခြင်းဟူ၍ရှိသည်။ များသောအားဖြင့် ပိုက်ကြီးတဲလုပ်သားများသည် လစာဖြင့်လုပ်ကိုင်ကြခြင်းမရှိကြဘဲ လုပ်ငန်းသိမ်းမှသာ ရရှိသောကုန်ပေါ်တွင် တန်ဖိုးသတ်မှတ်ထားသည့် ငွေကြေးအား ရယူကြသည်ကို တွေ့ရသည်။  ရှာဖွေရရှိလာသောကုန်၏ထက်ဝက်ကို ပိုင်ရှင်မှယူပြီးကျန်ထက်ဝက်ကို လုပ်သားများက အညီအမျှခွဲဝေယူကြခြင်းဖြစ်သည်။ လစာဖြင့်ယူမည်ဆိုပါက တစ်လလျှင်စရိတ်ငြိမ်း ငါးသောင်းမှခြောက်သောင်းအတွင်းရရှိကြသည်။ လစာသမားများသည် လုပ်ငန်းအောင်မြင်သည်ဖြစ်စေ ဆုံးရှုံးသည်ဖြစ်စေ သူတို့နှင့်မဆိုင်ဘဲ လုပ်ခလစာရရှိနိုင်သော်လည်း လစာနှင့် မလုပ်သူများအဖို့ မိမိတို့ကြိုးစားမှုနှင့် ကံတရား အပေါ်မူတည်၍ ခံစားရခြင်းဖြစ်သည်ကိုတွေ့ရသည်။ အမျိုးသားလုပ်သားများ အပြင် ငါးလှမ်း၊ ငါးရုတ်နှင့် လုပ်သားများစားသောက်ရန် ထမင်းဟင်းချက်သည့်အမျိုးသမီးများကိုပါ ငှားရမ်းကြရပြီး ပိုက်ကြီးတဲတစ်ခုတွင် အမျိုးသမီး ၁၀ ဦးမှ အယောက် ၃၀ အထိ ငှားရမ်းလုပ်ကိုင်ကြရသည်။ အမျိုးသမီးလုပ်သားများမှာ ကုန်းပေါ်တွင်သာ လုပ်ကိုင်ရသည် ဖြစ်၍ လုပ်ခလစာငွေကိုသာရယူနိုင်ကြသည်။ ကျွမ်းကျင်မှုလုပ်ကိုင်နိုင်မှုပေါ်မူတည်၍ စရိတ်ငြိမ်း ၃၀၀၀၀ မှ ၄၀၀၀၀ အတွင်းရရှိကြ သည်ကို တွေ့ရသည်။ ပင်လယ်သည်မာယာများသည်ဖြစ်သောကြောင့် ကျိန်းသေပေါက်အတိအကျပြောမရသည့် ပိုက်ကြီးဆွဲ လုပ်ငန်း၏ အကျိုးအမြတ်သည် ပြောရခက်လှသည်။ ပျှမ်းမျှအားဖြင့်တစ်ရာသီတွင် ကုန်ပိဿာချိန် နှစ်သောင်းကျော်ရသည်ဟုသိရသည်။ အချို့နှစ် များတွင်လည်း ငါးသောင်းနီးပါးရတတ်ကြသည်။   တစ်နှစ်တစ်ရာသီတည်းနှင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းကာ ပိုက်လှေတစ်စီးမှ နှစ်စီး သုံးစီး၊ ပိုက်တစ်ဖောင်မှနှစ်ဖောင်၊ လုပ်သားငါးဆယ်မှတစ်ရာကျော် စသည်ဖြင့် တစ်ဆမှနှစ်ဆသုံးဆ တိုးပွါးဖြစ်ထွန်း သွားသူများ ရှိကြသည်။ အချို့ကမူ ရာသီမဆုံးမီကပင် တပ်ပျက်ကာ လုပ်ငန်းသိမ်းရပြီး နလံမထူနိုင်သည့် အခြေအနေ ရောက်သွားသည်လည်း ရှိသည်။  ပိုက်တဲတစ်ခု၏အောင်မြင်မှုသည် အလုပ်ရှင်၏ ငွေအင်အားစိုက်ထုတ်နိုင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ အကျိုးပေးမှုပေါ် များစွာမူတည်ပြီး ထို လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးရန်နှင့် ၀န်ထမ်းများကိုအုပ်ချူပ်ထိန်းသိမ်းရန် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး လည်း အဓိက လိုအပ်သည်။ ထိုသူကို ပိုက်သူကြီး ဟု လည်းကောင်း ပိုက်ခေါင်းဆောင်ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။

ပိုက်ခေါင်းဆောင်

ပိုက်အဖွဲ့တစ်ခုလုံး၏အဆိုးအကောင်းကို တာဝန်ခံနိုင်၍ ပင်လယ်အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံများပြီး စိတ်ချယုံကြည် ရသည့်လူမျိုးကို ခေါင်းဆောင်နေရာပေးကာ လုပ်ကိုင်ဆောင်ရွက်ရသည်။ ခေါင်းဆောင်သည် လုပ်ငန်းစဉ်အတွင်း ထိခိုက်ဆုံးရှုံးမှုများ အတွက် တာဝန်ခံဖြေရှင်းရသောကြောင့် တာဝန်ကြီးသည်။ အလျော်အစားကြီးသည့်အလုပ်ကိုလုပ်ရသူဖြစ်သောကြောင့် ရရှိလာသော အကျိုးအမြတ်ကိုလည်း အခြားသူများထက်ပိုမိုခံစားခွင့်ရှိသည်။ ကုန်တန်ဖိုး၏ ၁၅% မှ ၂၀% အထိ ရရှိသူဖြစ်သဖြင့် ၀င်ငွေကောင်းသူ ဖြစ်သည်။ လှေထမ်း၊  ငါးထမ်း၊ ပိုက်သိမ်း စသည့် လုပ်ငန်းတာဝန်များကို ညွှန်ကြားပြသရုံသာတာဝန်ယူရပြီး ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင် စရာမလိုပေ။   သို့သော် ပင်လယ်ကျား ဟု တင်စားရလောက်အောင် လုပ်ငန်းအတွေ့အကြုံ၊ ပင်လယ်အတွေ့အကြုံ ပြည့်ဝနေဖို့တော့ လိုသည်။ ပိုက်ဆွဲသည့် လုပ်ငန်းတစ်ခုလုံးတွင် ပါဝင်သော ပိုက်ပြင်၊ ပိုက်ဖာ၊ ပိုက်ဆွဲ၊ ပိုက်ဆက်၊ ပိုက်လျှော်၊ ပိုက်သိမ်း စသည့် လုပ်ငန်း အဆင့်ဆင့်အားလုံးကို တစ်ခုမကျန်နားလည်တတ်ကျွမ်းမှုရှိနေရမည် ဖြစ်သောကြောင့် ပိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် လွယ်သည် တော့ မဟုတ်ပေ။ ငါးဖမ်းရန် ပိုက်လှေပင်လယ်သို့ထွက်သည့်အခါ ခေါင်းဆောင်သည် တက်မကိုင်၍လိုက်ပြီး လှေကိုထိန်းကျောင်းလေ့ ရှိသောကြောင့် သူ့ကို ပဲ့စီးဟုလည်းခေါ်ကြသည်။ ပဲ့စီးသည်လုပ်သားများကဲ့သို့ပင် လုပ်ငန်းသိမ်းမှသာ လုပ်အားခငွေကိုထုတ်ယူခွင့် ရှိသည်။ ပိုက်ကြီးဆွဲသည့် ကာလမှာ တစ်နှစ် လျှင် ၇ လမှ ၈ လအတွင်း ရှိနေသောကြောင့် ငွေအသုံးလိုလျှင် ပိုင်ရှင်ထံမှကြိုတင်ငွေ ထုတ်ယူထားနိုင်ပြီး လုပ်ငန်းသိမ်းစာရင်းရှင်းသည့်အခါ စားစရိတ်နှင့်ကြိုတင်ငွေများကို ပြန်လည်ပေးအပ်ရသည်ကိုတွေ့ရသည်။ ပိုက်ကြီးဆွဲ သူများထဲတွင် ရာခိုင်နှုန်းအများဆုံးခံစားရပြီး တာဝန်အကြီးဆုံးသူမှာ ပဲ့စီးပိုက်ခေါင်းဆောင်ဖြစ်သည်။ ယင်းသူကဲ့သို့ပင် ရာခိုင်နှုန်းနှင့်ခံစား ရရှိသော စက်ဆရာ၊ ပိုက်ဆရာ၊ မီးဆရာ ဆိုသူများလည်းရှိသေးသည်။

စက်ဆရာ

စက်ဆရာသည် ပိုက်လှေတွင်တပ်ဆင်ထားသောစက်ကို မောင်းနှင်ပြုပြင်ထိန်းသိမ်းရန်  တာဝန်ယူရသည့်လူဖြစ်သည်။ လှေကို မောင်းနှင်ရန် တရုတ်နီ ၂၅ ကောင်အားစက်တစ်လုံးတပ်ဆင်ထားရပြီး စက်၏တန်ဖိုးမှာ လေးသိန်းမှငါးသိန်းအတွင်း ရှိသည်ဟု သိရသည်။ ပိုက်ထွက်သည့်အခါ လှေ၏ပဲ့တွင် စက်ကိုထိန်း၍လိုက်ပါရကာ   အကူအညီရရှိရန်အတွက် လုပ်သားများထဲမှစက်ဆရာဖြစ်ရန် အလား အလာရှိသော လူငယ်များကိုတပည့်မွေး၍ ပညာသင်ခိုင်းစေနိုင်ပြီး ပုံမှန်လုပ်အားခအပြင်ရရှိသည့်ကုန်၏ တစ်ရာခိုင်နှုန်း ခံစားခွင့်ရှိသည်။

ပိုက်ဆရာ  

ပိုက်အလက်ပေါင်းများစွာတွဲစပ်ထားသည့် ပိုက်ကြီးကို ပင်လယ်တွင်းသို့စနစ်တကျချ၍ငါးဖမ်းနိုင်ရန် ပိုက်ဆရာမှ တာဝန်ယူ ညွှန်ပြပေးရသည်။ ပိုက်ဆရာနှစ်ယောက်မှသုံးယောက်အထိ ပိုက်လှေတစ်စီးတွင်ပါဝင်သည်ကိုတွေ့ရသည်။ လုပ်ငန်းသိမ်း၍ ပိုက်များကို ပြုပြင်ဖာထေးခြင်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုက်ဆရာမှ အခြားလုပ်သားများကိုဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်ပေးလေ့ရှိသည်။ ပိုက်ဆရာများသည် လုပ်အားခအပြင် ရှာဖွေရရှိလာသည့်ငါးတန်ဖိုး၏ နှစ်ရာခိုင်နှုန်းကိုပိုင်ဆိုင်ခံစားခွင့်ရသူများဖြစ်သည်။

မီးဆရာ

ပိုက်ကြီးဆွဲရာတွင် ကမ်းစပ်နားသို့ကပ်လာသောငါးများအား ပိုက်ဖြင့်ဝိုင်း၍ဖမ်းသည့်နည်းရှိသလို ရေအနက်တွင်ရှိနေသော ငါးအုပ်ကို မီးဖြင့်မျှား၍ဖမ်းခြင်းများ တီထွင်အသုံးပြုလာကြသည်ကိုတွေ့ရသည်။ ၎င်းင်းနည်းမှာ ညအမှောင်တွင်လုပ်ကိုင်ဆောင်ရွက်ရသည် ဖြစ်သောကြောင့် မီးစက်မောင်းရန်အတွက် လှေတစ်စီးထပ်မံလိုအပ်လာသည်။ ထိုလှေကိုထိန်းသိမ်းရန် မီးဆရာ (သို့) မီးလှေပဲ့စီး တစ်ယောက်ခန့်အပ်လုပ်ကိုင်လာကြရသည်။ မီးဆရာ၏အခန်းကဏ္ဍသည် ပိုက်ကြီးဆွဲလုပ်ငန်းတွင် များစွာအရေးပါသည်ဖြစ်သဖြင့် မီးလှေ ဆရာကို ရရှိသောကုန်၏ ၂% ခံစားခွင့်ပေးထားရခြင်းဖြစ်သည်။ ယင်းဆရာသုံးယောက်သည် အထွေထွေလုပ်သားများနည်းတူ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရသော်လည်း တာဝန်ယူရမှုမှာ အနည်းငယ်ပိုများသောကြောင့် ခံစားခွင့်ပိုရခြင်းဖြစ်သည်။ ယင်းတို့ကဲ့သို့ ခံစားခွင့် ရာခိုင်နှုန်း မရသော်လည်း ပဲ့စီးနည်းတူကျွမ်းကျင်မှုရှိသော လှေဦးစီးဆိုသူတစ်ဦးလည်း ပိုက်အဖွဲ့တွင်ရှိသေးသည်။

လှေဦးစီး

လှေဦးစီးဆိုသည်မှာ အရည်အချင်းရှိပြီး လုပ်သက်ရင့်သမ်္ဘာရင့်သည့်ပုဂိ္ဂုလ်ဖြစ်သည်။ လှေဦးတွင်ထိုင်ပြီး ငါးအုပ်၏အခြေအနေ ရာသီဥတုအခြေအနေကို ခန့်မှန်းပေးရသည့်လူဖြစ်သည်။ သာမန်လုပ်သားများနှင့်တန်းတူ လုပ်ခရသော်လည်း လှေထမ်း၊ ပိုက်ထမ်းစသည့် ပင်ပန်းသည့်တာဝန်များမှ ကင်းလွတ်ခွင့်ရှိသည်ကိုတွေ့ရသည်။ အချို့ရေလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများတွင် အဖွဲ့ခေါင်းဆောင်ကို လှေဦးစီး၊ လှေသူကြီးစသည်ဖြင့်လည်း ခေါ်ကြသည်ကိုတွေ့ရသည်။ ပိုက်ခေါင်းဆောင်သည် တစ်ခါတရံ လှေဦးတွင်လိုက်သည့်အခါ ဦးစီး လုပ်သူက ပဲ့တွင်ထိုင်လျက်တက်မကိုင်ပေးရသည်။ ပဲ့စီးခေါင်ဆောင်နီးနီး ပညာပြည့်ဝသည့်ပုဂ်္ဂိုလ်ဖြစ်သော်လည်း ပိုင်ရှင်၏စိတ်ချလက်ချ လွှဲအပ်ထားနိုင်လောက်အောင် ပြည့်စုံမှုမရှိသေးသဖြင့် ပဲ့စီးနေရာမရောက်ခြင်းဖြစ်သည်။ ပဲ့စီးသည် ပင်လယ်အတွေ့အကြုံ ကြွယ်ဝရမည့် အပြင် ပိုက်ကြီးတဲတစ်ခုလုံးကို အုပ်ချုပ်ထိန်းသိမ်းနိုင်စွမ်းနှင့် အကျင့်စာရိတ်္တပိုင်းဆိုင်ရာများတွင်ပါ အဖွဲ့၏ကိုးစားယုံကြည်မှုရှိရန် အထူး လိုအပ်လှသည်။ အချို့ဦးစီးများသည် အရည်အချင်းများစွာရှိသော်လည်း ပဲ့စီးနေရာကိုရောက်မလာသည်များလည်း ရှိသည်ဟုသိရသည်။ ပိုက်ကြီးဆွဲလုပ်ငန်းတွင် ဦးစီးသည်လည်းမရှိမဖြစ်သည့်နေရာတွင်ပါဝင်ပြီး လုပ်သားအင်အားစုံညီစွာလုပ်ကိုင်နိုင်မှသာ အောင်မြင်ဖြစ်ထွန်း သည့် လုပ်ငန်းဖြစ်သည်ကိုတွေ့ရသည်။

ပိုက်ကြီးဆွဲသူများ

  နှစ်စဉ် သီတင်းကျွတ်လ မှ တန်ခူးလအထိ ခုနှစ်လတာကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်ပြီး တစ်လလျှင် ရက် ၂၀ ခန့်သာ ပင်လယ်သို့ပိုက်လှေထွက်သည်ကိုတွေ့ရသည်။ အဓိကအားဖြင့် လမိုက်ရက်များတွင် မီးအားကောင်းကောင်းအသုံးပြုပြီး ငါးဖမ်းခြင်း ဖြစ်သည်။ လဆန်း ၇ ရက်မှလဆုတ် ၇ ရက်အတွင်းသည် အလင်းရောင်ရရှိမှု နည်းသည့်အတွက် မပျက်မကွက်ပင်လယ်ထွက်ကာ လုပ်ကိုင် ဆောင်ရွက်ရလေ့ရှိသည်။ သီတင်းကျွတ်၊တန်ဆောင်မုန်းလများတွင် ငါးကုန်းညို၊ငါးဝိုင်း၊ပြည်ကြီးငါး စသည့်ငါးများ အဓိကဖမ်းဆီးရမိပြီး တန်ခူး၊ကဆုန်လတို့တွင် ငါးနီတူပေါများစွာရတတ်သည်ဟုသိရသည်။ ပိုက်တစ်ရက်ထွက်လျှင် တင်းပေါင်း ၁၀၀ မှ ၂၀၀ အတွင်း ငါးများ ရရှိပြီး ငါးနီတူတစ်တင်းကိုအခြောက်လှန်းလျှင် ၅ ပိဿာအလေးချိန်ထွက်သည် ဟု လေ့လာသိရှိရသည်။  လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၄ ရက်နေ့များသည် အလင်းရောင်ကောင်းစွာရှိနေသေးသည့်အတွက် လုပ်သားများ အနားရသည့်နေ့ရက်များဖြစ်ကာ    အခြားလုပ်ငန်း များကို သွားရောက်လုပ်ကိုင်နိုင်ခွင့်လည်းရရှိကြသည်။ လုပ်ငန်းလုပ်ရမည့် နေရက်များတွင် လုပ်သားများသည်ပိုက်ကြီးတဲသို့ မပျက်မကွက် ပြန်လာ၍ မိမိတို့ထမ်းရွက်ရမည့်တာဝန်များကို ထမ်းဆောင်ကြသည်ကို တွေ့ရသည်။ ပိုက်ကြီးဆွဲလုပ်ငန်းလုပ်ကိုင်နေရင်းဖြင့် မျှင်ရာသီ ဖြစ်သော နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် နေ့ခင်းချိန်၌ ပင်လယ်ထွက်၍မျှင်ဖမ်းနိုင်ကြသည်။ ရရှိလာသောမျှင်များကို တစ်တင်း တစ်သောင်းနှုန်းဖြင့် ပိုင်ရှင်မှပြန်လည်ဝယ်ယူပေးသည်။ ၀ယ်ထားသောမျှင်များကို လှမ်းခြင်း၊ ရုတ်ခြင်း၊ အိတ်သွပ်ခြင်း ကိစ်္စများကို အမျိုးသမီးလုပ်သားများက တစ်တင်းလျှင် ၅၀၀ ကျပ်ဖြင့် အခစားလုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ဆက်လက်၍ ငပိအဖြစ်ကြိတ်ခွဲခြင်း၊ မြို့သို့ တင်ပို့ရောင်းချခြင်းများကို အဆင့်ဆင့်လုပ်ကိုင်ကြရသေးသည်။ (ငပိပြုလုပ်ခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်းများကို ကျြငညနျြေါဖေငညန သြလနာဘနမ ၂၀၁၀ တွင် တိမ်ခိုးမျှင် ဆောင်းပါးဖြင့် စာရေးသူ ရေးသားတင်ပြထားသည်ကို လေ့လာနိုင်ပါသည်။)

ပင်လယ်တွင်းသို့ငါးများရှာဖွေရန် သွားရပြီဆိုသည်နှင့် ဦးစွာ ပိုက်များကိုလှေပေါ်သို့ စနစ်တကျခေါက်တင်ရပြီး ညမှောင်ချိန်၌ မီးလှေနှင့် ပိုက်လှေနှစ်စီးစလုံးသည် ကမ်းမှစတင်ထွက်ခွါရသည်။ ရေအနက်သို့ရောက်အောင် စက်ကိုမောင်းသွားရ၍ ဦးစီးညွန်ကြားသော နေရာရောက်လျှင် လှေကိုရပ်နားရကာ မီးလှေသည်ခပ်လှမ်းလှမ်းတွင်နေရာယူရသည်။ လှေနှစ်စင်းလုံးမှလုပ်သားများသည် ညနက်လာမည့် အချိန်ကိုရောက်အောင် စောင့်ရမည်ဖြစ်သောကြောင့် အဆင်ပြေသလိုအနားယူနေနိုင်ပြီဖြစ်သည်။ လှေဝမ်းပိုက်သည် သူတို့၏အိပ်ယာ ဖြစ်ပြီး ပင်လယ်လှိုင်းပုတ်သံများက သူတို့ကိုချော့သိပ်ပေးနေသည့်ပုံဖြစ်သည်။ နေ့အမှောင် လုံးလုံးကွယ်ပျောက်သွားပြီဆိုသည်နှင့် မီးလှေ ပဲ့စီးသည် သူ၏တာဝန်ကို စတင်ထမ်းဆောင်ရတော့သည်။ မီးလှေပေါ်တွင်တပ်ဆင်ထားသောအလင်းအားကောင်းသည့် ဆလိုက်မီးများကို စတင် မောင်းနှင်ဖွင့်လှစ်ရခြင်းဖြစ်သည်။ ဆလိုက်မီးဖွင့်သည့်နေရာတွင် မီးလင်းလျှင်ပြီးရော ဖွင့်၍မရသေးသည်ကိုတွေ့ရသည်။ အတွေ့ အကြုံ၊ ပညာဖြင့် ဆလိုက်ကိုဖွင့်ရခြင်းဖြစ်သည်။ မီးစက်ကိုအသာမောင်းရပြီး ဆလိုက်ကို လှေနှင့်ဝေးရာသို့ဖျော့ဖျော့ထိုးပေးထားရသည်။ ရုတ်တရက်ဆူညံသံများနှင့် စူးရှသောအလင်းရောင်ကြောင့် ငါးများလန့်ပြေးသွားမည် စိုးရသောကြောင့် မသိမသာ အလင်းရောင်ပေးသည့် ပုံစံဖြစ်သည်။  မီးလှေ၏ လှမ်းသောနေရာတွင် ဆလိုက်ကိုဖျော့ဖျော့လေးပေးပြီး ရောက်လာမည့်ငါးကိုစူးစမ်းရသော မီးလှေဆရာ၏ အလုပ်သည်လည်း အတော် စိတ်ရှည်ရသည့်အလုပ်ဖြစ်သည်။ မီးဆလိုက်ကို ဖျော့ပေးထားရာမှ ငါးအုပ်အခြေအနေအထူအပါးကိုခန့်မှန်းပြီး မီးရောင်ကို တိုးမြင့်ပေးရသည်။ မီးကိုဆက်တိုက်ပေးထားရသည်ဖြစ်သောကြောင့် မီးလုံးကျွမ်းသွားခြင်းမရှိစေရန် ကျွမ်းသွားပါက နောက် တစ်လုံးဖြင့် အားဖြည့်ထားနိုင်ရန် ဆလိုက်မီးသီးများကို လိုအပ်သည်ထက်ပို၍တပ်ဆင်ထားကြရသည်။ ငါးအုပ်ထူထပ်စွာရောက်လာပါက မီးဆရာသည် မီးရောင်ကို မိမိတို့လှေနှစ်စီးကြား (သို့မဟုတ်) လှေနှင့်အနီးဆုံးနေရာသို့ရောက်အောင် ဖြည်းဖြည်းခြင်းဆွဲယူရသည်။ ထိုသို့ ဆွဲယူရာတွင် သိသိသာသာမဟုတ်ဘဲ ငြင်ငြင်သာသာရွှေ့ရခြင်းဖြစ်သည်။ ရုတ်တရက်ကြီးမီးရောင်ကိုဆွဲလိုက်လျှင် ငါးများလန့်ပြေးသွားမည် ဖြစ်သောကြောင့် ထိုကဲ့သို့ ဂရုတစိုက်လုပ်ရခြင်းဖြစ်သည်။ ငါးမိနစ်တစ်ခါ၊ ဆယ်မိနစ်တစ်ခါမှ မီးကို မသိမသာဆွဲရသောကြောင့် ထိုအခိုက် အတန့်သည် မီးဆရာအတွက် များစွာစိတ်လှုပ်ရှားစရာကောင်းနေချိန်လည်းဖြစ်သည်။ ဆလိုက်မီးရောင်သည် လှေနှင့်အနီးဆုံးကပ်လာပြီ ဆိုသည်နှင့် မီးရောင်ကြောင့်ရောက်ရှိနေသာငါးများကို မျက်ဝါးထင်ထင်မြင်နေရပြီဖြစ်သည်။ အချို့ငါးများဆိုလျှင် မြူးတူးပျော်ရွှင်စွာဖြင့် ရေပေါ်သို့ခုန်ပျံနေခြင်း၊ ကိုယ်တစ်ခြမ်းရေပေါ်ဖော်ကာ ကူးခပ်နေကြခြင်းများကို တွေ့ရသည်။

ရေအောက်တွင် လုံးထွေးရောက်ရှိနေသော ငါးများ၏အနေအထားကို မီးဆရာသည်ခန့်မှန်းပြီး တစ်ဖက်မှပိုက်လှေကို သတင်း ပို့ရသည်။ ပိုက်လှေတွင်လုပ်သားများသည် အနားယူအိပ်စက်နေသော်လည်း မီးလှေနှင့်အဆက်အသွယ်လုပ်ရန် လုပ်သားတစ်ဦးသည် အစောင့်တာဝန်ကိုယူထားရသည်ဖြစ်သောကြောင့် မီးဆရာ၏သတင်းပို့မှုကို သိရှိရခြင်းဖြစ်သည်။ သတင်းပို့ရာတွင် အော်ဟစ်ပြောဆိုခြင်းမျိုး မလုပ်ရဘဲ မီးရောင်၊ တက်ရောင်ဖြင့် အချက်ပေးရခြင်းဖြစ်သည်။ မီးဆလိုက်တစ်လုံးကို ဖွင့်ချည်ပိတ်ချည်ဖြင့်အချက်ပြခြင်း၊ အားကောင်း သော လက်နှိပ်ဓာတ်မီးဖြင့် ပိုက်လှေဘက်သို့လှမ်းထိုးပြခြင်း၊ မီးဆလိုက်ရှေ့တွင်တက်မကို ဘယ်ညာလှည့်ပြ၍ မှန်ထိုးသကဲ့သို့ အချက်ပြခြင်း များသည် ပိုက်ကြီးဆွဲရာတွင်အသုံးပြုရသည့် အချက်ပြစနစ်များဖြစ်သည်။ ရေလှိုင်းပုတ်သံများကြားတွင် တဖက်လှေမှအစောင့်ကြားအောင် အော်ရမည်ဆိုလျှင်လည်း အောက်တွင်ရောက်နေသောငါးများကို မောင်းထုတ်သလိုဖြစ်နေမည်စိုးသောကြောင့် အချက်ပြစနစ်ကို သုံးရခြင်း ဖြစ်သည်။ အစောင့်လုပ်သားသည် မီးဆရာထံမှ သတင်းရသည်နှင့်တပြိုင်နက် လှေဦးစီးနှင့်ပဲ့စီးခေါင်းဆောင်တို့ကို နှိုးရသည်။ ဦးစီးနှင့် ခေါင်းဆောင်တို့က မီးလှေနားတွင်ရောက်နေသာ ငါးအုပ်၏အခြေအနေကို အသေအချာအကဲခပ်ရသည်။ ငါးအုပ်ထူသည်၊ ရမည့်ငါး အလေးချိန်များနိုင်သည်ဟု ခေါင်းဆောင်နှစ်ဦးမှ တွက်ချက်ခန့်မှန်းမိလျှင် လှေအဖွဲ့မှလုပ်သားအားလုံးကိုနှိုးပြီး ပိုက်ဖြင့်ဝိုင်းရန်အတွက် စတင်လုပ်ကိုင်ရတော့သည်။ ရောက်ရှိနေသောငါးအုပ်ပါးသည်ဆိုလျှင် လုပ်သားများကိုမနှိုးဘဲ ငါးအုပ်အခြေအနေကို ဆက်၍စောင့်ကြည့် နေရသည်။ တစ်ချို့ရက်များတွင် ငါးအုပ်စောင့်ကြည့်ရင်းဖြင့် မိုးလင်းသွားခြင်းများပင်ရှိသည်။ ရရှိမည့်ငါးနှင့် စိုက်ထုတ်ရမည့်လူအင်အားကို ခေါင်းဆောင်များက ချင့်ချိန်နေရသောကြောင့်ဖြစ်သည်။ ငါးအချိန်တစ်ဆယ်ကိုဆွဲရခြင်းနှင့် အချိန်တစ်ရာကိုဖမ်းဆီးရာ၌ အသုံးပြုရသော လုပ်သားအင်အားသည် အတူတူပင်ဖြစ်သည်။ ပိုက်ကြီးတစ်ဖွဲ့လုံးစာ တွက်ခြေကိုက်နိုင်မည့်အနေအထားဖြစ်နိုင်လျှင်တော့ ပဲ့စီးသည် လှေလုပ်သားများကို တစ်ယောက်မကျန် အမြန်ထခိုင်းမှာသေချာပါသည်။

ငါးအုပ်ကိုဖမ်းဆီးမိနိုင်ရန်အတွက် ပိုက်လှေသားများသည် ငါးအုပ်၏အပြင်ဘက်မှနေ၍ ပိုက်ထိတ်စကိုချပြီး ဂငယ်ပုံသဏ္ဍာန် ၀ိုင်းပတ်ရခြင်းဖြစ်သည်။ ပဲ့စီးက တက်မကိုလိုရာထိန်းပေးနေချိန်၌ လှေဦးမှနေသော ဦးစီးက ငါးအုပ်ကိုမျက်ခြေမပြတ်ကြည့်နေပြီး ပိုက်အဖွဲ့ကို လိုအပ်သလိုညွှန်ကြားပြသပေးရသည်။ ပိုက်ဆရာနှစ်ယောက်နှင့် သူ၏အဖွဲ့သားများက တက်ညီလက်ညီဖြင့် ပိုက်များကို အလိုက်သင့်ရေထဲသို့ချသွားကြရသည်။ ပဲ့စီးနားတွင်ကပ်လျှက် စက်ကိုထိန်းရသော စက်ဆရာက ပဲ့စီး၏ညွှန်ကြားချက်အတိုင်း စက်ကို အတင်အလျော့လုပ်ပေးရသည်။   မီးလှေမှ မီးဆရာကလည်း ဆလိုက်မီးများကို အဆုံးရောက်သည်အထိ အလင်းရောင်မြှင့် ဖွင့်ပေးထားပြီး ငါးများကို မြှူဆွယ်ထားရသည်။ မီးလှေတွင် တက်မကိုင်၊ စက်မောင်း၊ ဆလိုက်ထိန်း စသည်ဖြင့် အကူလုပ်သားများရှိသည်ြ့ဖစ်သောကြောင့် မီးဆရာ၏လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးရသည်။ ပိုက်လှေမှငါးအုပ်ကို တစ်ပါတ်ပြည့်အောင် ပိုက်ဖြင့်ဝိုင်းပတ်မိပြီဆိုသည်နှင့် မီးလှေသည် ဆလိုက်မီးရောင်ကို ပုံမှန်အနေအထားသို့ပြန်လျှော့ကာ ပိုက်လှေဖက်သို့ရွှေ့၍ အလင်းရောင်ပေးရသည်။ မီးဆရာ၏ အဖွဲ့ များသည် ပိုက်လှေအဖွဲ့ကိုကူညီပြီး ရေအောက်မှဝိုင်းပိုက်ကိုဆွဲတင်ပေးကြသည်။ မည်သူမျှခိုကပ်နေခြင်းမရှိပဲ မိမိတို့လုပ်ရမည့် တာဝန်ကို ဦဆောင်သူများ၏ညွှန်ကြားချက်အတိုင်း အားသွန်စိုက်၍လုပ်ကိုင်ဆောင်ရွက်ကြသည်ကိုတွေ့ရသည်။

အလင်းရောင်လုံးဝကုန်ဆုံးသွားချိန်မှ စတင်လုပ်ကိုင်ဆောင်ရွက်ရသည်ဖြစ်ပြီး ငါးအုပ်များထူထပ်လာသည်အထိ စောင့်ဆိုင်း လုပ်ကိုင်ရသည်ဖြစ်သောကြောင့် အချိန်များစွာကြာမြင့်သည်။ တစ်ညလုံးနီးပါး ငါးအုပ်ကိုစောင့်ဆိုင်းဖမ်းဆီးပြီးနောက် ကမ်းသို့ပြန်ရောက် ချိန်သည် မနက်အလင်းရောင် ရောက်ရှိနေပြီဖြစ်သည်။ မီးဖြင့်မျှားပြီးရရှိလာသောငါးများမှာ များသောအားဖြင့် ငါးနီတူ၊ ငါးကုန်းညို၊ ငါးဝိုင်း၊ ပြည်ကြီးငါး စသည်များဖြစ်ကြသည်။ ငါးနီတူမှာအများဆုံးရရှိတတ်ပြီး  ဈေးကောင်းသောကြောင့် ပိုက်သမားများကလည်း ငါးနီးတူကို ဦးစားပေးဖမ်းဆီးလုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ပိုက်အဖွဲ့သည်ကမ်းခြေပြန်ရောက်သည်နှင့် ဖမ်းဆီးရမိလာသောငါးများကို စောင့်ဆိုင်း နေသည့် အလုပ်သမများလက်ဝယ်သို့တင်ပို့ပေးရသည်။ ပိုက်တောင်းကြီးများတွင်ငါးများကိုထည့်ကာ ငါးလှမ်းသည့်စင်ပေါ်သို့ ထမ်းတင် နေကြသည့် ပိုက်ကြီးတဲလုပ်သားများ၏ လုပ်ငန်းခွင်သည် ပင်လယ်ကမ်းခြေဒေသ၏ မရိုးနိုင်သောမြင်ကွင်းတစ်ခု ဖြစ်နေသည်။ ငါးရုတ် သမများ ကလည်း လှေသမားများရရှိလာသောငါးများကို  အမျိုးအစားခွဲပြီး ခွဲလှမ်းရမည့်ငါးများကို ငါးခုတ်စင်ပေါ်ပို့၍ ကျန်သည် များကို ပိုက်စိမ်းများခင်းထားသည့်စင်များပေါ်သို့ စနစ်တကျဖြန့်ခင်းပေးကြရသည်။ တစ်နေမှနှစ်နေ၊ နှစ်နေမှသုံးနေအထိ ခြောက်သွေ့စေရန် ငါးခြောက်ဖြစ်စေရန်လှမ်းကြရပြီး စနစ်တကျထုတ်ပိုးကာ မြို့သို့ ဆက်လက်တင်ပို့ရောင်းချရဦးမည်ဖြစ်သည်။ မိုးလွတ်သော ရာသီနှင့် ကြုံလျှင်  ငါးခြောက်လှမ်းခြင်းကို လုပ်ကိုင်နိုင်သော်လည်း နေရောင်ကောင်းစွာမရသည့် အချိန်မျိုးနှင့်ကြုံမည်ဆိုပါက ငါးဆားနယ် (ငါးဆားမာ) လုပ်ကိုင်ကြသည်ဟုသိရသည်။ ရောင်းတန်းမ၀င်သောငါးများ၊ နာနေသောငါးများ နှင့် ငါးခေါင်းများကို မွေးမြူရေး သမားများ အတွက် ကြက်စာ၊ ဘဲစာအဖြစ် ပြန်လည်ရောင်းချကြသည်။ ပိုက်ကြီးတဲလုပ်သားများမှ  ဖမ်းဆီးရရှိလာသော ငါးများကို လုပ်ငန်းပိုင်ရှင်မှ ပြန်လည်ဈေးဖြတ်ဝယ်ယူပေးသည်။ ငါးနီတူတစ်ပိဿာဒေသပေါက်ဈေး ၂၀၀၀ ၀န်းကျင်ရှိသည်။ အစိမ်းအတိုင်းရောင်းမည်ဆိုပါက ငါးနီတူ ကို ဆိုက်ကြီး၊ လတ်၊ သေး ဟူ၍ သုံးမျိုးခွဲကာ အကြီးတစ်တင်း ၉၀၀၀၊ အလတ် ၆၀၀၀၊ အသေး ၄၀၀၀၊ ငါးကုန်းညိုနှင့်ငါးဝိုင်းကိုမူ ဆိုဒ်မခွဲဘဲ ငါးကုန်းညို တစ်တင်း ၄၀၀၀၊ ငါးဝိုင်း ၂၅၀၀၀  ဈေးနှုန်း သတ်မှတ်ရောင်းဝယ်လုပ်ကိုင်ကြသည်။  ပွဲရုံများ၏ဈေးကို ပိုင်ရှင်မှ စူးစမ်း၍ ဒေသတွင်ဈေးဖွင့်ပေးခြင်းဖြစ်ပြီး မြို့သို့တင်ပို့ချိန်တွင်ရှိနေသော ကုန်ဈေးနှုန်းသည် ပိုင်ရှင်လုပ်သူ၏ ကံကြမ်္မာဖြစ်သည်ဟု သတ်မှတ်ကြသည်။ များသောအားဖြင့် ဈေးဖွင့်ထားသောနှုန်းထက် ပွဲရုံက ပြန်ကောက်သောဈေးသည် ပို၍များပါသည်။ မြို့သို့ တင်ပို့ ရာတွင် သင်္ဘောကိုအများဆုံးအသုံးပြုပြီး ပိဿာလေးဆယ်ဆန့် ငါးအိတ်တစ်အိတ်လျှင် တန်ဆာခ ၃၀၀ ကျပ်ပေးကြရသည်။ ပင်လယ် ဒေသမှ ငါးခြောက်နှင့်ငါးဆားမာများကို ရန်ကုန်ပွဲရုံများသို့ အဓိကပို့ဆောင်ကာ ကျန်ပြည်နယ်နှင့်တိုင်းများ အရောက် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည် ဟု လေ့လာသိရှိရသည်။

ပိုက်ကြီးဆွဲလုပ်ငန်းသည် နှစ်ပတ်လည်အောင်လုပ်နေရသည့် လုပ်ငန်းမဟုတ်သောကြောင့် လုပ်ငန်းရပ်နားချိန်တွင် လုပ်သားများ သည် အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် တစ်နိုင်ငါးဖမ်းလုပ်ငန်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြရသည်။ လုပ်ငန်းသိမ်း ကြပြီဆိုသည်နှင့် ပိုက်လျှော်ဖွတ်ခြင်းကိုမဖြစ်မနေလုပ်ပေးရသေးသည်။ ပိုက်များကိုရေငန်ဆက်တိုက်ထိထားသောကြောင့် ဤအတိုင်း ထားလိုက်လျှင် ဆွေးရိသွားမည်ဖြစ်သဖြင့် ရေငန်စင်ကြယ်သွားစေရန် လျှော်ဖွတ်ဆေးကြောပေးရခြင်းဖြစ်သည်။ လျှော်သည့်ပုံစံမှာ ရေချို ရေငန်စပ်သည့် နေရာ၊ ရေချိုသည့် နေရာသို့ပိုက်လှေကိုမောင်းယူသွားရပြီး ပိုက်များအားလုံးကိုရေထဲသို့တစ်နာရီကျော်ခန့်ချ၍ စိမ်ထားရသည်။ ပြီးလျှင် ပိုက်ကိုဆွဲဖော်ကာ ရေစစ်အောင်ထား၍ စနစ်တကျခေါက်သိမ်းထားရခြင်းဖြစ်သည်။  ရေချိုသည့်နေရာနှင့် များစွာ ဝေးနေလျှင် တန်းထိုး၍ ပိုက်ကိုဖြန့်တင်ကာ ရေချိုလောင်းပြီးပိုက်ကိုလျှော်ကြရသည်။ ပိုက်တွင်ကပ်နေသော ရေငန်ဓာတ်ကိုပြယ်သွားစေရန် ရေချိုလောင်းလျှော်ခြင်းကို လုပ်ငန်းသိမ်းပြီ ဆိုသည်နှင့် ပိုက်ကြီးဆွဲလုပ်ငန်းတိုင်း လုပ်ကိုင်ဆောင်ရွက်ကြရသည်ကိုတွေ့ရသည်။ ပိုက်နားချိန် များတွင် ပိုက်ဆက်၊ ပိုက်ဖာ လုပ်တတ်သူ များကို လုပ်ငန်းရှင်က အခစားနှင့် ပေါက်ပြဲသွားသည့်ပိုက်များဖာထေးပေးရန် ငှားရမ်း လုပ်ကိုင် စေခြင်းများလည်းရှိသည်။ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်းသုံးလသည် ပိုက်ဖာပိုက်ဆက်သည့်လုပ်ငန်းကို လုပ်ကိုင်ရသည့်အချိန်များဖြစ်ကာ ပိုက်တစ်ဖောင် ပြုပြင်ပေးခြင်းလုပ်ခအဖြစ် လေးယောက်တစ်ဖွဲ့လျှင် ငွေကျပ်လေးသိန်းခွဲခန့်ရရှိကြသည်။  

နောင်တစ်နှစ် ပိုက်ကြီးဆွဲရာသီ ရောက်ပြီဆိုသည်နှင့် ပိုက်ခေါင်းဆောင်၊ ဦးစီး၊ ပိုက်ဆရာ၊ မီးလှေဆရာ အပါအ၀င် သူတို့၏ အဖွဲ့သားများသည် ပိုက်ကြီးတဲသို့ ရောက်လာကြဦးမည်ဖြစ်သည်။ ဆက်လက်၍ ပိုက်ဆင်ခြင်း၊ ဆလိုက်မီးများထိုး၍ ငါးကိုမျှားခြင်း၊ တက်ညီလက်ညီ ပိုက်ကိုဆွဲကြခြင်းဖြင့်  လုပ်ငန်း တာဝန်များကိုကြိုးပမ်းလုပ်ကိုင်ကြကာ ပင်လယ်ကမ်းခြေဒေသ၏ မပြီးဆုံးသေးသော ဇာတ်လမ်းတစ်ပုဒ်ကို ၀ိုင်းဝန်းရေးဖွဲ့ကြဦးမည် ဖြစ်ပါကြောင်းဖြင့် ပင်လယ်ကမ်းနားမှ ပိုက်ကြီးဆွဲသူများအကြောင်းကို လေ့လာမိသမျှ ရေးသား တင်ပြလိုက်ပါသည်။

( ဤဆောင်းပါးရေးသားနိုင်ရေးအတွက် အစစအရာရာအကူအညီပေးပါသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်း မြို့နယ်ခွဲ ပန်းမော်ကျေးရွာမှ  ရေလုပ်သားကြီး ဦးကျော်မိုးသက် အား အထူး ကျေးဇူးတင်ရှိပါသည်။ )

Read more...
Posted by The Traveller | 0 comments

မာယာလူမျိုးတို့၏ ဒဏ္ဍာရီမြေအောက်ကမ္ဘာသို့ သွားရောက်ခြင်း

ကလောင်-ကိုအောင်
ဘလိဇ်နိုင်ငံ၏ သစ်တောများဖုံးလွှမ်းနေသော ကုန်းမြင့်ဒေသတွင်ဗဟိုအမေရိက၏ ကြီးမားအကျယ်ပြန့်
ဆုံး လှိုဏ်ဂူအဖွဲ့အစည်းတည်ရှိသည်။ ယင်းလှိုဏ်ဂူအဆုံးများ ပါဝင်လျက်ရှိ သည်။ ဃ့ငဆကငဘကအ မြစ်ရေတိုက်စားမှုကြောင့် ထုံးကျောက်တောင်များဖောက်ထွင်းခံရသလို ဖြစ်သွားပြီး
လှိုဏ်ဂူများအဖြစ် အသွင်ပြောင်းလာခဲ့ရာ ဂူအောင်းသတ်္တ၀ါအမျိုးမျိုးအတွက်ဘုံဌာနတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
ဒဏ္ဍာရီပုံပြင်များ၏အဆိုအရ
ဃ့ငဆကငဘကူ လှိုဏ်ဂူအဖွဲ့အစည်းသည်
မာယာဒဏ္ဍာရီတွင် ကြောက်မက်ဖွယ်
နေရာ ဌငဘေူဘေ (ဏူခေန သ် င်္နမေ)
သို့မဟုတ် မာယာသေမင်းနတ်ဘုရား
များနှင့် တပည့်များကြီးစိုးသည့်နေရာ
ဖြစ်ခဲ့သည်ဆို၏။ ထို့ပြင် သေဆုံးခြင်းနှင့်
ဆက်စပ်သည့်ကိစ်္စများကို ဖြေရှင်းပေး
သည့် ကမ်္ဘာမြေမျက်နှာပြင်အောက်
တရားခုံရုံးတစ်ခုလည်းဖြစ်ပြီး၊ တန်ခိုး
ႀကီးနတ္ဘုရား(၁၂)ပါးက ဌငဘေူဘေ
အရှင်သခင်များအဖြစ် အုပ်စိုးနေခဲ့ကြ
ကြောင်း သိရသည်။ ယင်းနတ်ဘုရား
များကိုံကည-ဃောန နှင့် ဠကခကဘ-ဃောန
ဆိုသည့် မာယာသေမင်းနတ်ဘုရား
နှစ်ပါးက အုပ်ချုပ်၍ ကျန်နတ်ဘုရား ၁၀
ပါးမှာ နတ်မိစ်္ဆာများဖြစ်သည်။ ယင်း
နတ်မိစ်္ဆာများသည် လူသားများကို
နာမကျန်းဖြစ်စေခြင်း၊ အစာငတ်မွတ်
ခေါင်းပါးစေခြင်း၊ သေဆုံးခြင်းကဲ့သို့
ဆင်းရဲဒုက်္ခအမျိုးမျိုးစီမံပေးနေကြသူ
များဖြစ်သည်။
သေဆုံးပြီးနောက် ၀ိဉဉ်ဘဝ
ရောက်သွားစဉ် တစ်ကိုယ်ကောင်းဆန်
သူများဆိုပါက အဆိပ်ရှိကင်းမြီး
ကောက်များ ပြည့်နှက်နေသည့်မြစ်
တစ်စင်း၊ ကျားကြီးများရှိသည့် အိမ်
တစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်နေရာ
များသို့ သွားရောက်ကြရသလို ဓားသွား
များမပြတ်လည်ပတ်နေသော ဘောလုံး
များဖြင့်လည်း အိမ်းတစ်ခုဆော့ကစား
ရသည်။ ယင်းမြေအောက်နတ်မိစ်္ဆာ
များ အလွန်လိမ်္မာပါးနပ်လွန်းသဖြင့်
သူတို့ကို လုံးဝတိုက်ခိုက်ချေမှုန်းနိုင်စွမ်း
မရှိကြချေ။ သို့သော် မာယာလူမျိုးတို့၏
ဒဏ္ဍာရီတွင် သူရဲကောင်းအမွှာညီ
အစ်ကိုနှစ်ဦး (ံနမသ ႊတငည်) က ဌငဘေူဘေ ၏ အလွန်ခက်ခဲသည့် အတား
အဆီးများကိုကျော်ဖြတ်ကာ သူတို့ဖခင်
သေဆုံးခဲ့မှုအတွက် လက်စားချေနိုင်ခဲ့
သည်။ ယင်းနောက်တွင် ဌငဘေူဘေ ၏
ခြိမ်းခြောက်မှု တန်ခိုးအရှိန်အစော်များ
မှေးမှိန်လျော့ပါးသွားခဲ့သည်။ သို့သော်
မာယာလူမျိုးတို့မှာ ယင်းနတ်ဘုရားများ
ကျေနပ်စေရန်အတွက် အသက်သွေး
များဖြင့် ယစ်ပူဇော်မှုများ ဆက်လက်
ပြုလုပ်ခဲ့ကြပြီး အများမကြာမီ မာယာ
ယဉ်ကျေးမှု တဟုန်ထိုးဖွံ့ဖြိုးတိုးတက်
လာခဲ့သည်။

မာယာယဉ်ကျေးမှု ပျက်သုန်းခြင်း
မာယာယဉ်ကျေးမှုသည် အေဒီ
၂၅၀ ခန့်တွင် စတင်ဖွံ့ဖြိုးလာခဲ့ပြီး ရှေး
ဟောင်းသုတေသနပညာရှင်များက
မာယာတို့ကြီးစိုးသည့် ခေတ်ကို
ဃျူျေငခ ဏနမငသိ သ် ပြေညေ (မာယာ
ဂန်္တ၀င်ခေတ်)ဟုခေါ်ဝေါ်သမုတ်ကြ
သည်။ မာယာယဉ်ကျေးမှုအတွက်
အထိတ်ရောက်ခဲ့စဉ်ကာလက မာယာ
လူမျိုးတို့နေထိုင်ရာ မြို့ပေါင်း ၄၀ ကျော်
ရှိခဲ့ပြီး မြို့တစ်မျိုးစီတွင် လူဦးရေ ၅၀၀၀-
၅၀ယ၀၀၀ အကြားရှိခဲ့သည်ဆို၏။ ယင်း
မြို့များအနက်ွှငုေူယ့ ထေခေအကာယ
ဃသစောယ ႀသညောစေုယ ီသ် ဏငူေ်ယ
ဃေူေုာကူယ ဏေူနညဆကန နှင့်ျွငသ နြ
မြို့များသည် အစည်ကားဆုံးနှင့် အရေး
ပါဆုံးမြို့များဖြစ်ခဲ့သည်။ သို့သော် ဘယ်
အရာမှမမြဲသည့်သင်္ခါရအနိစ်္စတရားကို
မာယာတို့လည်း အံမတုနိုင်ခဲ့ချေ။
ဃျူျေငခ ဏနမငသိ ခေတ်နှောင်းပိုင်း
အေဒီ ၉၀၀ ၀န်းကျင်တွင် လှိုဏ်ဂူများ၌
ယဇ်ပူဇော်မှုဓလေ့ သိသိသာသာ မြင့်
မားလာစဉ် မိုးခေါင်ရေရှားမှု သဘာဝ
ကပ်ဘေး ဆိုက်ဆိုက်မြိုက်မြိုက်ကျ
ရောက်လေတော့သည်။ မိုးခေါင်ရေရှား
မှု ကို ကာလတို ကြုံတွေ့ခဲ့ရခြင်းမဟုတ်။
ဆယ်စုနှစ်များစွာ ကြာမြင်ခဲ့သဖြင့် စိုက်
ပျိုးရေးအခြေခံသည့် မာယာစီးပွားရေး
ပထမဆုံးပျက်စီးပြီး၊ ထိုမှတဖန် လူမှု
ရေး၊ နိုင်ငံရေးစနစ် ယိုင်လဲပြိုကွဲလာခဲ့
သည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့
သည့် မြို့ရွာများမှ ဒေသခံများမှာလည်း
ရေကြည်ရာ မြက်နုရာဒေသများသို့ အစု
လိုက်အပြုံလိုက် ရွေ့ပြောင်းကြသည်။
ထို့ကြောင့် မာယာယဉ်ကျေးမှုသည်
သဘာဝဘေးအန်္တရာယ်ကပ်ဘေး
ကြောင့် ပျက်သုန်းသွားခြင်းဖြစ်ကြောင်း
မှတ်ယူနိုင်ပေသည်။
မာယာလူမျိုးတို့၏ အကြီးအကဲ
အယူသီးခရစ်ယာန်ဘုန်းကြီးများမှာ
ဒဏ္ဍာရီပုံပြင်ထဲက မင်းသားများသဖွယ်
ဖြစ်သည့် မြေအောက်နတ်ဘုရားများ
အပေါ် ယုံကြည်မှုလွန်ကဲသထက်လွန်
ကဲပြီး မာယာယဉ်ကျေးမှုပျက်သုန်းခြင်း
ကို ကာကွယ်နိုင်ရန် ကြိုးပမ်းမှုအဖြစ်
အရပ်သားများဖြင့် အသက်ဘေးမှ
ရုန်းထွက်နိုင်ရန်အတွက် ကျန်မာယာ
မျိုးနွယ်စုများ တစ်နယ်တစ်ကျေးသို့
ထွက်ပြေးခဲ့ကြပြီး၊ သူတို့နေထိုင်ခဲ့ရာ
မြို့ပျက်များနှင့် ယဇ်ပူဇော်ခဲ့ကြသည့်
လှိုဏ်ဂူများသည်လည်း သစ်ပင်ခြုံနွယ်
များ ပိတ်ဖုံးကာ နှစ်ထောင်ပေါင်းများစွာ
တိမ်မြှုပ်ပျောက်ကွယ်နေခဲ့တော့သည်။

ရှေးဟောင်းမြေအောက်ကမ်္ဘာ၌
ခေတ်သစ်စူးစမ်းလေ့လာသူများ
မာယာလူမျိုးတို့၏ မြေအောက်
ကမ်္ဘာသို့သွားရာ ရှေးခေတ်လမ်း
ကြောင်းကို ရှေးဟောင်းသုတေသန
ပညာရှင်များက ၂၀ ရာစုနှောင်းပိုင်း
တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
တစ်ဆက်တည်းမှာပင် မာယာလူမျိုး
တို့၏ အကောင်းပကတိအတိုင်းရှိနေ
သေးသော အိုးခွက်၊ ပန်းကန်အစရှိ
အသုံးအဆောင်ပစ်္စည်းများကို ရှာတွေ့
ခဲ့ပြီး၊ ယခုအခါ ဘလိဇ်နိုင်ငံ အနောက်
ဖက်၌ မာယာလူမျိုးတို့ အခမ်းအနားများ
ပြုလုပ်ခဲ့ရာ နေရာများစွာကို ခရီးသွား
များ လွတ်လွတ်လပ်လပ် သွားရောက်
လေ့လာနိုင်ပြီဖြစ်သည်။ ထို့ပြင် စွန့်စား
ခရီးသွားများမှာလည်း ရှေးခေတ်
လှိုဏ်ဂူများသို့ လိုင်စင်ရဧည့်လမ်းဩန်
တစ်ဦးနှင့်အတူ သွားရောက်ပြီး မာယာ
လူမျိုးတို့၏ အသုံးအဆောင်ပစ်္စည်းများ
ကို စူးစမ်းလေ့လာနိုင်ပေသည်။
ႊေစငမ ၾသကညအေငည ၽြန်နမလန
သစ်တောကြိုးဝိုင်းအတွငှ်းညှေုါညခေငသ ဒေသအရှေ့ဖက်၌တည်ရှိသော
ဗခအကညွှကညငခ့ငူ ကြုညေူ (ဗြွှ)
လှိုဏ်ဂူသည် စွန့်စားခရီးသွားများ
အတွက် စိတ်လှုပ်ရှားစရာ အကောင်း
ဆုံးနေရာဖြစ်သည်။ အလွန်ရှုပ်ထွေး
သည့် လှိုဏ်ဂူများကို ထိုလှိုဏ်ဂူ၌ တွေ့ရ
မည်ဖြစ်သည်။ ဗြွှ လှိုဏ်ဂူသည်
ဘလိဇ်အနောက်ဖက်ရှိ အထင်ရှားဆုံး
မာယာသင်္ချိုင်းမြေများအနက် တစ်ခုဖြစ်
ပြီး၊ လူအရိုးစုများ၊ ကြွေထည်၊ မြေထည်
ပစ်္စည်းများ တွေ့နိုင်သဖြင့် မာယာရှေး
ဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခု
အဖြစ် သတ်မှတ်ထားသည်။
ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏
အရိုးစု အပါအ၀င် ကျန်အရိုးစုများသည်
ယစ်ပူဇော်ခံခဲ့ရသူများ ဖြစ်ဟု ယူဆနိုင်
ပေသည်။  ယင်းအရိုးစုများအနီး ခဲ့ကြ
ဟန်တူပြီး၊ ဒဒသြညုနပ ဏသအဓ အမည်ရ
အိုးတစ်လုံးမှာ ဗဟိုအမေရိကတွင်
တွေ့ရှိခဲ့သည့် မာယာလူမျိုးတို့၏
မြေအိုးလေးလုံးအနက် တစ်လုံးဖြစ်
သည်။ ဂူ၏အပေါ်ဖက်လမ်းကြောင်း
များတွင် လှိုဏ်ဂူနံရံများကို တိရိစ်္ဆာန်
ရုပ်ပုံများ ရေးဆွဲတန်ဆာထားပြီး ယုတ်စွ
အဆုံး ယဇ်ပလ်္လင်များကိုပင် ဖန်တီးထား
ကြသည်။
လှိုဏ်ဂူဝင်ပေါက်ဝသို့ ရောက်ရှိ
ရန် ကြည်လင်နက်ရှိုင်းသည့် ရေကန်
တစ်ခုကို မဖြစ်မနေကူးခတ်သွားရ
သည်။ ထိုမှတဖန် (၃)မိုင် လမ်းလျှောက်
သွားလျှင် ရင်ဘတ်လောင်နက်သည့်
ရေပြင်၊ အမှောင်ပိတ်ဖုံးနေသည့်ကြားမှ
ကျောက်တုံးကျောက်ဆောင်များ ထုံး
ကျောက်နံရံများကြား ကျဉ်းမြောင်း
သည့် လမ်းကလေးများအစရှိ မြေ
အောက်အတားအဆီးများကို တစ်ခုပြီး
တစ်ခု ဖြတ်ကျော်ကြရမည်ဖြစ်သည်။
ဗြွှ လှိုဏ်ဂူ၏ အမှောင်ဆုံးနေရာတွင်
ကျောက်စက်ပန်းဆွဲများဖြင့် ပြည့်နှက်
နေသည့် မြေအောက်အခန်းများ၊ မရေ
မတွက်နိုင်သော ကြွေထည်၊ မြေထည်
အပိုင်းအစများ၊ အိုးခွက်ပန်ကန်အကျိုး
အပဲ့များ (အထဲမှ ၀ိဉဉ်လွတ်မြောက်
ရန် ရိုက်ခွဲပစ်ရသည့် ယဇ်ပူဇော်အိုးများ
ဖြစ်ကြောင်း မာယာလူမျိုးတို့ ယုံကြည်ခဲ့
ကြ)ယဇ်ပူဇော်ခဲ့ကြသည့် ယဇ်ပလ်္လင်
များ (မာယာဘုန်းတော်ကြီးများသည်
သူတို့၏လျှာနှင့် ယောက်ျားအင်္ဂါထိပ်
အရေပြားကို ဖောက်ထွင်းပြီး ထွက်လာ
သည့် သွေးများဖြင့် ယဇ်ပူဇော်ခဲ့ကြ
သည်)ကို တွေ့ရှိနိုင်သည်။ စွန့်စားမှု
စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်
သည် ယဇ်ပူဇော်ခံခဲ့ရသူများ၏ အရိုး
များအား မျက်ဝါးထင်ထင်တွေ့မြင်ရ
သည့်အချိန်ဖြစ်သည်။ လှိုဏ်ဂူအရှည်
မှာ သုံးမိုင်ခန့်ရှိပြီး နှစ်မိုင်ခန့်ရှည်သည့်
မြစ်ကြောင်းတစ်ခုလည်းပါရှိသည်။
ယင်းမြစ်ထဲတွင် ရေချိုဂဏန်းများ၊ ငါးခူ
ငါးတန်နှင့် တခြားအပူပိုင်းဒေသငါးများ
ကျက်စားလျက်ရှိသည်။  ထို့ပြင် လင်းနို့
များကိုလည်း လှိုဏ်ဂူထဲ၌ တွေ့ရသည်။
ှညှေုါညခေငသ အနီး တည်ရှိသည့်
မြေအသည ဃမနနု လှိုဏ်ဂူသည်လည်း
သွားရောက်လေ့လာရန် စိတ်ဝင်စား
စရာကောင်းသည့် လှိုဏ်ဂူတစ်လုံးဖြစ်
သည်။
ဗြွှ နှင့် မြေအသည ဃမနနု လှိုဏ်ဂူ
များသို့ နြူငဖန အြေကမနွှမလေနူယ ဏခေဖ
ွှသကမျ အစရှိ ဒေသတွင်း ခရီးသွား
ကုမ်္ပဏီများက ခရီးစဉ်များ စီစဉ်ပေး
လျက်ရှိသည်။
Read more...

Saturday, May 24, 2014

The Traveller Weekly Journal Vol1- No-40.pdf - 37 MB

Share The Traveller Weekly Journal Vol1- No-40.pdf - 37 MB

The Traveller Journal Vol 1, No 40 အားဒေါင်းလော့ဆွဲပြီး ဖတ်ရှု့နိုင်ပါပြီ ခင်ဗျာ . .. . .

The Traveller Journal မှ အထူးကျေးဇူးတင်ရှိပါတယ်။လူကြီးမင်းတို့၏ အကြံပြုစာလေးများ ကျေးဇူးပြုပြီး ရေးပေးခဲ့စေချင်ပါတယ်။

Sunday, March 30, 2014

Tuesday, March 25, 2014